Pages

Pages

ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးနှင့်အဖွဲ့ တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူနေမှုတို့အား လာရောက်ကြည့်ရှု





MNP  -  ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်း ကောက်ယူနေမှုအခြေအနေများနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster)ထိုးနှံနေမှုအခြေအနေတို့ကို လာရောက် ကြည့်ရှုအားပေးခဲ့သည်။


     ထိုသို့ လာရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များတွင် တစ်အိမ် တက်ဆင်း မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ အလယ်စုရပ်ကွက်ရှိ မြို့မအထက(ခွဲ) ကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံပေး နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment