MNP - ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား/ကျောင်းသူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ၅ လပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး စဉ့်ကူးမြို့နယ်အတွင်း ဆေးထိုးအဖွဲ့ (၆)ဖွဲ့မှ ဆေးထိုးစုရပ် (၄၁)နေရာ၌ နေ့အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင် နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး နှင့် မြို့နယ်ပညာရေးဌာန တို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း၍ စနစ်တကျစာရင်းရေးသွင်းပေးပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၈၄၀) ဦးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၆၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၀၀၀) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/ ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment