Pages

Pages

ပေါက်တောမြို့ မြို့မ-အ.ထ.ကကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်





MNP -   ဇန်နဝါရီ  ၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့မ-အ.ထ.ကကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။


အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရခြင်းမှာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။  ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား/သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်တောမြို့ အ.ထ.က-မြို့မကျောင်းဝင်း အတွင်းရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊  အမှိုက်သရိုက်များရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

   ထို့သို့မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကိုအပတ်စဥ်(စနေ)နေ့တိုင်းဆောင်ရွက်လျက်ရှိ​ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment