Pages

Pages

အမ်းမြို့နယ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း ဆုရွှေးချယ်ရေး ဒုတိယအကြိမ် ကွင်းဆင်းအကဲဖြတ်စစ်ဆေး






MNP   -  ဇန်နဝါရီ ၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမ်းမြောက်အုပ်စု သစ်ပုတ်ပင်ဒိုင်ကျေး ရွာရှိ အခြေခံပညာမှုလတန်းကျောင်းအား သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ(Clean and Green School Award)ဆုရွှေးချယ်ရေးကော်မတီ အဖွဲ့ဝင်များက ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။


 အဆိုပါ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း ဆုရွှေးချယ်ရေး ဒုတိယအကြိမ် ကွင်းဆင်းအကဲဖြတ်စစ်ဆေးခြင်းအား သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ(Clean and Green School Award)ဆုရွှေးချယ်ရေးကော်မတီ ဥက္ကဌ အခြေခံပညာရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ပညာရေးမှူး ဒေါ်ညွှန့်ညွှန့်အေး ဦးဆောင်၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်နှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ (Clean and Green School Award)ဆုရွှေးချယ်ရေးကော်မ တီ အဖွဲ့ဝင်များက အမ်းမြို့နယ် အမ်းမြောက်အုပ်စု သစ်ပုတ်ပင်ဒိုင်ကျေးရွာရှိ အခြေခံပညာမှုလ တန်းကျောင်း၏ သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် အခြေခံမှု(၄)ချက်၊အညွှန်းကိန်း(၁၇) ချက်နှင့်အညီ ဆောင် ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ (Clean and Green School Award)ဆုရွှေးချယ်ရေးကော်မ တီ အဖွဲ့ဝင်များအား အခြေခံပညာမှုလ တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်းနှင့် ဆရာ၊ဆရာမများ၊ကော်မတီဝင်များက သစ်ပုတ်ပင်ဒိုင်ကျေးရွာရှိ အခြေခံပ ညာမှုလတန်းကျောင်း ၏သန့်ရှင်း၍ စိမ်း လန်းစိုပြေသောကျောင်းကော်မတီ ဖွဲ့စည်းထားခြင်း၊ သတ်မှတ်ထားသည့်လုပ်ငန်းတာဝန်များအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ သင်ကြားမှုဆိုင် ရာ(Modules)နှင့်သင် ယူမှုဆိုင်ရာလုပ်ငန်းများအား ဆေင်ရွက်ထားရှိမှုများကိုရှင်း လင်းတင်ပြရာ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ (Clean and Green School Award)ဆုရွှေးချယ်ရေးကော်မ တီ အဖွဲ့ဝင်များက ကြည့်ရှု့၍ အကဲဖြတ်စစ် ဆေးခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment