MNP - ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ တပ် ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ယနေ့ နံနက်ပိုင်းက အစိုးရ အဖွဲ့ဧည့်ရိပ်သာခြံဝန်းအတွင်း/အပြင်နှင့် ဧည့်ရိပ်သာရှေ့ပင်လယ်ကမ်းခြေတို့၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် အဆိုပါပူးပေါင်း အဖွဲ့တို့သည် အဖွဲ့များခွဲကာ မိမိတို့သတ်မှတ်နေရာများရှိ အမှိုက်များနှင့် အစိုးရအဖွဲ့ရိပ်သာခြံဝန်းအ တွင်း/အပြင်တို့တွင် ပေါက်ရောက်နေသည့် ခြုံနွယ်ပေါင်းပင်များ၊ အမှိုက်များအား ခုတ်ထွင်ရှင်းလင်း ခြင်း၊ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပင်လယ်ကမ်းခြေတလျှောက်ရှိ ဒီရေတက်ချိန်တွင်ပါလာပြီး ကမ်းခြေတွင်တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များအား အမှိုက်အိတ်များထဲသို့ စနစ်တကျထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့် ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment