Pages

Pages

အမ်းမြို့နယ် အမှတ် (၃) အခြေခံပညာအ ထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ





MNP  -  ဇန်နဝါရီ ၁၀

       ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်လေယာဥ်ကွင်းရပ်ကွက် အမှတ်(၃) အ ခြေခံပညာအထက် တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောင်ရှေ့ကွင်း၌ကျင်းပပြုလုပ် သည်။


 ရှေးဦးစွာ ကျောင်း သား ကျောင်းသူများက ဘက်စုံ ပညာကိုရည်တို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကိုယ်စားဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရွေအေးက အဖွင့်အမှာစကားပြောကြားပြီးအ ထက(၃) ကျောင်း အုပ်ဆ ရာကြီးကကျောင်းလုပ်ငန်းများနှင့်ပတ်သက် ၍ ဆွေးနွေးပြောကြားခဲ့သည်။


     ထို့နောက် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အမှတ် (၃) အခြေခံ ပညာအထက်တန်း ကျောင်း၏ သင် ကြားရေးထူးချွန်ဆုနှင့်ပညာရည်ချွန်ဆုရရှိသည့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွေအေးမြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ဆုများအသီး သီးချီးမြှင့်ပေးခဲ့ပြီး ကျောင်းသားကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment