Pages

Pages

မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP  -  ဇန်နဝါရီ  ၁၁

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌  ယမန်နေ့လယ်၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်  မှ မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စွာကောက်ယူနိုင်ရေးအတွက် သက် ဆိုင် ရာဌာနများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ကွင်းဆင်းလုပ်ဆောင်ရာတွင် အိမ် ထောင်စုစာရင်း မှန်ကန်မှုရှိမရှိ ဂရုတစိုက်ဝိုင်းဝန်းလုပ်ဆောင်ကြရန် စသည်တို့ကိုပြောကြားခဲ့ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း အခြေခံ ပညာကျောင်းများရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအခြေအနေ နှင့် ရုံးဝန်ထမ်းများ မိမိတို့ဌာနအ လိုက် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် သန့်ရှင်းရေးလုပ်ဆောင်ကြရန် စသည် အကြောင်းအရာများကို ပြောကြားသည်။ 


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး က လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ဌာနဆိုင်ရာတို့ပူးပေါင်း၍ ယဉ်စည်းကမ်၊ လမ်းစည်းကမ်းများ ကို ကွင်းဆင်း လုပ်ဆောင်ကြရန် တို့ကိုပြောကြားခဲ့ပြီးနောက်  ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြားခဲ့ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မှခရိုင်အဆင့်ဌာနဆိုင်ရာများ ၏လုပ်ငန်းများအပေါ် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment