MNP ၊ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်ရှေ့တွင် ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်က မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း (၂) လုံး တွေ့ရှိခဲ့ရ၍ လုံခြုံရေးတပ်ဖွဲဝင် များမှ ရှင်းလင်းခဲ့ရကြောင်း သိရသည်။
မကွေးမြို့၊ အောင်မေတ္တာ(ဂ)ရပ်ကွက်၊ ၁၄ လမ်းနှင့် ပိတောက်လမ်းထောင့်ရှိ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၏ နေအိမ်ရှေ့ အုတ်ခြံစည်းရိုးအပြင်ဘက်နှင့် ခြံစည်းရိုးအတွင်းဘက်တို့တွင် ပုဆိုးဖြင့်ထုပ်ထားသောမပေါက်ကွဲသေးသည့် ချိန်ကိုက်မိုင်း ၂ လုံးတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ကွန်ကျူးပိုက်အပြာရောင် အနံ ၂ လက်မနှင့် အလျား ၆ လက်မ အတွင်း ယမ်းများထည့်သွင်း၍ ထိပ် ၂ ဖက်လုံးကို ပိတ်ထားပြီး ဝါယာကြိုး၊ ဓာတ်ခဲတို့ဖြင့် ချိန်ကိုက်ထားခြင်းဖြစ်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ကာ ရှင်းလင်းခဲ့ရကြောင်း သိရသည်။
https://t.me/MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)
No comments:
Post a Comment