Pages

Pages

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (၁၁၇)နှစ်ပြည့်‌မြောက် အထိမ်းအမှတ်ပွဲတော်ကျင်းပမည်


MNP  -  ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ဇန်နဝါရီ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်(၁၁၇)နှစ်ပြည့်မြောက်အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်(၁၁၇)နှစ်ပြည့်‌မြောက်အထိမ်းအမှတ်ပွဲတော် ကာလအတွင်းယဉ်ကျေးလိမ္မာ တိရစ္ဆာန်လေးများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်း၊ ဖျော်ဖြေ‌ရေးအစီအစဉ်များ၊ ပညာပေးပြခန်းများနှင့် ကလေးများအတွက်ပျော်ပွဲရွှင်ပွဲများပါဝင်မည်အပြင် ဈေးရောင်းပွဲတော်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ယခု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း တိရစ္ဆာန်မျိုးစိတ် ၁၃၂ မျိုး၊ တိရစ္ဆာန်အကောင်ရေ ၁၄၀၀ ခန့်ပြသထားပြီး နိုင်ငံတကာအဆင့်မီ ဆင်ပြတိုက်ကိုလည်းပြင်ဆင်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။


ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် (၁၁၇)နှစ်ပြည့်မြောက်ပြီးဖြစ်ကြောင်း သိရသည်။


စန္ဒာမိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment