Pages

Pages

တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပန်းလှိုင်မြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး



MNP  -  ဇန်နဝါရီ ၁၉

တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ မြစ်ကြောင်းသွား ဆေးရုံသင်္ဘော(ရွှေပုဇွန်)သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ‌ဆားမလောက်ကျေးရွာ၊ ရွှေပိတောက်ဆိပ်ကမ်းသို့ ယမန်နေ့ ညနေပိုင်းက ရောက်ရှိလာပြီး ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက် ရှိသည်။


အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း ဦးဆောင်သော ဆေးကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးကုသမှုပါရဂူ၊ နား၊နှာခေါင်း၊ လည်ချောင်းခွဲစိတ်ပါရဂူ၊ မျက်စိ‌ရောဂါခွဲစိတ်ပါရဂူ၊ အရိုးရောဂါခွဲစိတ်ပါရဂူ၊ ဓါတ်မှန်ပါရဂူ၊ သွား‌ရောဂါပါရဂူ စသည့် အထူးကုဆရာဝန်ကြီးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် ပန်းလှိုင်မြစ်ကြောင်း တစ်လျှောက်ရှိ ပြည်သူများအား ကျန်းမာရေးစစ်‌ဆေးခြင်း၊ ကုသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်များ၊ လူမှုရေး အသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီ‌ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment