MNP - ဇန်နဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း မိုးအစိုဓာတ်၊ မြေအောက်ရေများ အသုံးပြုပြီး၊ ဆောင်းသီးနှံ မေမြို့ပန်းများ စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မေမြို့ပန်း (၀၀ ဒသမ ၄၀)ဧက စိုက်ပျိုးတယ်၊ မြေအစို ဓာတ်ရရှိအောင် နွားရှဉ်းများနဲ့ ထယ်ရေး၊ ထွန်ရေးသုံးစပ်လောက်မြေပြုပြင်တယ်၊ စိုက်ပျိုးမှုစနစ် ကတော့ ရေလောင်းဖိုးသင့်တော်တဲ့ ကျင်းဘောင်ကို ၅ပေ၊ ၄ပေခန့် ပြုလုပ်ရတယ်၊ ပန်းမျိုးစေ့ကို တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးတယ်၊ မေမြို့ပန်းမျိုးစိတ်တွေကတော့ တောင်ကြီးနီ၊ အက်စတာ၊ ရွှေတောင်၊ ချစ်စမ်းမောင်၊ ခရမ်းနှင့်ဖော်ကာပန်းမျိုးစိတ်တွေ ဆိုပြီးရှိတယ်၊ အခုစိုက်ပျိုးတာက တော့ တောင်ကြီးနီမေမြို့ပန်းမျိုးစိတ်ဖြစ်တယ်၊ နွားထယ်တစ်ရှဉ်းကို တစ်သောင်းနှုန်း၊ ပန်းမျိုး စေ့ချလုပ်အားခတစ်ဦးကို ကျပ် ၂၅၀၀နှုန်း၊ ပန်းမျိုးစေ့တစ်ပုလင်းကို ကျပ် ၁၅၀၀၀ ပေးရတယ်၊ (၀၀ ဒသမ ၄၀)ဧကကို ပန်းမျိုးစေ့ ခုနှစ်ပုလင်းစိုက်ပျိုးထားပါတယ်၊ မေမြို့ပန်းပေါ်ချိန်မှာ ပန်း ဈေးကောင်းဖို့ မျှော်လင့်ပါတယ်” ဟု မေမြို့ပန်းစိုက်တောင်သူ ဦးသိန်းဟန်၏ ပြောပြချက်အရ သိရပြီး၊ တပ်ကုန်းမြို့နယ်တွင် ပန်းမျိုးစုံဧက(၂၁) လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment