အမ်းမြို့နယ်တပ်တောင်မြို့ရှိမီးဘေးသင့်အိမ် ထောင်စု (၄)စုအားထောက်ပံ့ငွေနှင့်ကယ်ဆယ် ရေးပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တပ်တောင်မြို့ရှိမီးဘေးသင့်အိမ် ထောင်စု (၄)စုအားထောက်ပံ့ငွေနှင့်ကယ်ဆယ် ရေးပစ္စည်းများပေးအပ်






MNP  -  ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ် တပ်တောင်မြို့မီးဘေးသင့်အိမ် ထောင်စု (၄)စုအားထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ၌ တပ်တောင်မြို့အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ကျင်းခဲ့သည်။


    မီးဘေးသင့်အိမ် ထောင်စု (၄)စုအားထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲသို့ တပ်တောင်မြို့မြို့အုပ်ချုပ်ရေးမှူးဦးအောင်သန်း နှင့်ဌာနဆိုင်ရာများ အမ်းမြို့နယ်ဘေစီမံခန့်ခွဲမှုဦးစီး ဌာန၊ဦးစီးအရာရှိဒေါ်မေထားဇော်နှင့်ဝန် ထမ်းများ မီးဘေးသင့်အိမ်ထောင်စုများတက်ရောက်ခဲ့သည်။


      အဆိုပါ တပ်တောင်မြို့၊အမှတ် ( ၃) ရပ်ကွက်နေဦးကျန်သိန်းပါမီးဘေးသင့်အိမ်ထောင်စု( ၄) စုအားထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများမှာ မီးဘေးသင့်နေအိမ်( ဓနိမိုး၊ဝါးထရံကာ)အတွက်ထောက်ပံငွေ ( ၁၀၀၀၀၀)ကျပ်နူန်းဖြင့်နေအိမ် ( ၃) လုံး အတွက်ထောက်ပံငွေ( ၃၀၀၀၀၀)ကျပ်မီးဘေးသင့်နေအိမ် ( ၁) လုံး( သွပ်မိုး၊ပျဥ်ကာ)အတွက်ထောက်ပံ့ငွေ ( ၂၀၀၀၀၀)ကျပ်မီးဘေးသင့်ပြည်သူ ( ၁ )ဦးလျင်ဆန်ရိက္ခာဖိုးငွေ( ၃၀၀)ကျပ်နူန်းဖြင့် ( ၇ )ရက်စာမီးဘေးသင့်ပြည်သူ( ၁၄)ဦးအတွက်ထောက်ပံ့ငွေ( ၂၉၄၀၀)ကျပ်မီးဘေးသင့် အိမ် ထောင် စု( ၁)စုလျင်ထောက်ပံ့ပစ္စည်း( ၇)မျိုးပါ ပလပ်စတစ်ပုံး( ၁)ပုံးနူန်းဖြင့်အိမ်ထောင်စု( ၄) စုအတွက် ပုံး( ၄)ပုံးမီးဘေးသင့်အိမ်ထောင်စု( ၄) စုအတွက်စုစုပေါင်းထောက်ပံ့ငွေ( ၅၂၉၄၀၀)ကျပ်နှင့်ပစ္စည်း( ၁၇)မျိုးပါပလပ်စတစ်ပုံး( ၄)ပုံးတို့အားထောက်ပံ့ခဲ့ရာမြို့အုပ်ချုပ်ရေးမှူးနှင့်အမှတ် ( ၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှလိုအပ်ချက်များအားညှိနိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)