ကျောက်မဲမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဆင်းပွဲအခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဆင်းပွဲအခမ်း အနားကျင်းပ


MNP  -   ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပပြု လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွှန့်ရွှေက သင်တန်းဆင်း အမှာစကားပြောကြား ရာတွင် သင်တန်းသား/သူများအနေဖြင့်သင်တန်းမှ သင်ကြားခဲ့တဲ့ မီးသတ်ပညာရပ်များကို ပွဲပြီးမီးသေသဘောမျိုး မဟုတ်ဘဲဆက်လက်လေ့လာ ဆည်းပူးကြရန်၊ မီးသတ်တပ်ဖွဲ့ဆိုင်ရာ စွမ်းရည်မြင့်မားရေးအတွက် လိုအပ်သည့်လေ့ကျင့်မှုကို အစဉ်အမြဲ လေ့ကျင့်ရန်၊ ပြည်သူလူထုတွေက ယုံကြည်ကိုးစားသည့် သိက္ခာရှိသည့် ကျွမ်းကျင်ခိုင်မာတဲ့ တပ်ဖွဲ့ဝင်များအဖြစ် ရေရှည်တည်တံ့နိုင်ရေးအတွက် ကိုယ်စီကြိုးပမ်းကြရန်၊ မီးသတ်တပ်ဖွဲ့၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး ဆထက်ထမ်းပိုးကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။


ယင်းနောက် သင်းတန်းသား/သူ များက ရှာဖွေကယ်ဆယ်နည်းများ၊ မီးငြိမ်းသတ်နည်းများကို လက်တွေ သရုပ်ပြသခဲ့ကြသည်။ ဆက်လက်၍ သင်တန်းထူးချွန်ဆုရရှိသည့် သင်တန်းသားများနှင့် သင်တန်းဆင်း လက်မှတ်များအား  ကျောက်မဲ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင်များက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


မိုင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)