MNP - ဇန်နဝါရီ ၂၈
ပြည်တောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အောင်သီရိကျေးရွာအုပ်စု၊ (ဗုဒ္ဓဂါယာဘုရားအနီး) အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ် (နေပြည်တော်)အား မုခ်ဦးပန္နက်တော်တင်ခြင်း နှင့်အလှူငွေပေး အပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ သီရိလင်္ကာသမ္မတနိုင်ငံ ဒုတိယသာသနာပိုင်ဆရာတော် Rev Mugunuwela Anuruddha Thero ၊ အိန္ဒိယနိုင်ငံကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ မဟာမိတ်အဖွဲ့အစည်း (IBC) အထွေထွေ အတွင်းရေးမှူးချုပ် Ven Dhamma Piya ၊ ထိုင်းနိုင်ငံကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာအဖွဲ့ချုပ် (WAB) ဥက္ကဋ္ဌ Phra Pornchai Palawadhammo နှင့် ထိုင်းနိုင်ငံမှ သံဃာတော်(၂)ပါး၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပါဠိတက္ကသိုလ်(နေပြည်တော်)၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အရှင်နန္ဒက (သာသနာ့ဓဇဓမ္မာစရိယ)နှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဒုတိယပါ မောက္ခချုပ် ဒေါက်တာအရှင်နန္ဒက (သာသနာ့ဓဇဓမ္မာစရိယ)မှ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပါဠိတက္ကသိုလ် (နေပြည်တော်)တည်ဆောက် ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြလျှောက်ထားရာ ကြွရောက်လာသည့် ဆရာတော်ကြီးများက ဝမ်းမြောက် ကြောင်း မိန့်ကြားခဲ့သည်။ ထို့နောက် အလှူရှင်များက အလှူငွေ များလှူဒါန်းရာတာဝန် ရှိသူများက လက်ခံရ ယူခဲ့ကြသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပါဠိတက္ကသိုလ်(နေပြည်တော်) မုခ်ဦးပန္နက်တော် တင်အခမ်းအနား ပြုလုပ်ကာ ဗုဒ္ဓသာသနံစိရံ တိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
သန္တာလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment