ရှမ်းရွာသစ်မြို့တွင်၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင်၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




MNP   -     ဇန်နဝါရီ   ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြင့် တည်ဆောက်ကာကွယ်မည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်၊  ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာပြီး၊ လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်သည့် နိုင်ငံ့သားကောင်း ရတနာလေးများပေါ်ထွန်းရန်၊  အမျိုးသားပညာရေးမြင့်မားစေရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်စေရန် စသည့် ပညာရေးစုံညီပွဲတော်၏ ရည်မှန်းချက်များနှင့်အညီ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၆)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းသား/သူလေးများက "ကြိုဆိုပါသည်စုံညီပွဲတော်"သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်က ပညာရေးစုံညီပွဲတော်ဆိုသည်မှာ ဆရာ၊ မိဘ၊ ကျောင်းသားများ စုပေါင်းလှုပ်ရှားကြသည့်ပွဲတစ်ခုဖြစ်သည့်အပြင် မြို့၏ ပညာရေးအဆင့်အတန်း တိုးတက်လာအောင်ဆောင်ရွက်ကြသည့် နည်းသစ်ရှာဖွေကြသည့်ပွဲတစ်ခုဖြစ်ကြောင်း၊ နှစ်တစ်နှစ်၏ အားနည်း ချက် အားသာချက်များကိုပြန်လည်သုံးသပ်သည့် ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ နှစ်တစ်နှစ်၏ အားသာချက်များကိုလည်း လာမည့်နှစ်တွင် လက်ဆင့်ကမ်းပြီး အားနည်းချက်များကို ပြုပြင်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်ကျောင်းသား လူငယ်မောင်မယ်များ ဘဝ ခရီးလမ်းသာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ရန်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာနှင့် အမျိုးဂုဏ်ဇာတိဂုဏ်တို့ကိုလည်း ဖော်ဆောင်သည့် ပွဲတစ်ခုဖြစ်ကြောင်း၊  ကျောင်းသားမိဘများအနေဖြင့် ကျောင်းသားလူငယ်မောင်မယ်များ ပညာရည်တိုး တက်မြင့်မားလာစေရန် ဆရာ/မများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှု နှစ်(၃၀)စီမံချက်အရ တစ်နိုင်ငံလုံးအတွင်းမှာရှိသော အခြေခံပညာကျောင်းများတွင် ပညာရေးစုံညီပွဲကို ကျင်းပလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲဆု၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ပြိုင်ပွဲဆု၊ ကျောင်းတွင်းအားကစားပြိုင်ပွဲဆု၊ တစ်နှစ်ပတ်လုံးကျောင်းတက်ရက်ပျက်ကွက်မရှိသောဆု၊ ပလွေမှုတ်ပြိုင်ပွဲဆု၊ အသင်းလိုက်ပြိုင်ပွဲဆုရရှိသောကျောင်းသား/သူများကို မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများတို့က အကပဒေသာများဖြင့် ဝေဝေဆာဆာကြပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)