ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းနှင့် ပုပ္ပားနယ်မြေ မီးသတ်စခန်းတို့အား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ကြည့်ရှုစစ်ဆေး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းနှင့် ပုပ္ပားနယ်မြေ မီးသတ်စခန်းတို့အား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ကြည့်ရှုစစ်ဆေး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြား





MNP  -  ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦဇော်ဝင်းထွန်း(ညွှန်ကြားရေးမှူး)သည် ဇန်နဝါရီ (၁၂)ရက်နေ့ နံနက်(၁၀)နာရီက ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းနှင့် ပုပ္ပားနယ်မြေမီးသတ်ခန်းတို့အား လာရောက်ကြည့်ရှုစစ်ဆေးပြီး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။


တိုင်းဒေသကြီးဦးစီးမှူးသည် ပုပ္ပားနယ်မြေမီးသတ်စခန်းနှင့် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းဝန်းအတွင်း စခန်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ယာဉ်/စက် ကြံ့ခိုင်ကောင်းမွန်မှုနှင့်အသင့်ရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စခန်းနှင့်တပ်ဖွဲ့ဝင်များ သင့်(၄)သင့်အတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့် မိသားစုလိုင်းခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ယင်းနောက်  တိုင်းဒေသကြီးဦးစီးမှူးသည် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းရုံးအပေါ်ထပ် အစည်းအဝေးခန်းမတွင် ကျောက်ပန်းတောင်းစခန်း၊ ပုပ္ပားနယ်မြေစခန်း၊ ပွေးကျစ်နယ်မြေစခန်းနှင့် သပြေကိုင်းနယ်မြေ မီးသတ်စခန်းတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အထက်အကြီးအကဲ အဆင့်ဆင့်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခြင်း၊ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းရပ်များအတွက် သင့်(၄)သင့်၊ မြန်(၃)မြန်ဖြင့် လုပ်ငန်းများ‌အောင်မြင်အောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန်၊ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအား ဝိုင်းဝန်းကူညီဖေးမဆောင်ရွက်သွားကြရန်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာနေထိုင်သွားကြရန်တို့ကို ဆွေးနွေးမှာကြားသည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်များ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)