ဒုတိယဝန်ကြီး ဦးရဲတင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရဲတင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာများ ကြည့်ရှုစစ်ဆေး


MNP  -   ဇန်နဝါရီ ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် လူထုအခြေပြုဗဟိုဌာနတို့ကိုလည်းကောင်း၊ ဟိုပုံးမြို့နယ်ရုံးကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မွန်းလွဲပိုင်းတွင် လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကြည့်ရှုပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ ဆက်လက်၍ လင်းခေးမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကိုကြည့်ရှုစစ်ဆေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မောက်မယ်မြို့နယ်ဦးစီးမှူး၊ ထပ်ဆင့်လွှင့်စက်ရုံမှူးနှင့် ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာများ တွေ့ဆုံသည်။


ကြိုတင်ညှိနှိုင်းဆောင်ရွက်


ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအားလုံးနီးပါးသည် တည်ငြိမ်အေးချမ်းနေသဖြင့် ပြည်သူလူထုမှာစိတ်ချမ်းသာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ကြကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီးနယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများကိုလည်း အသိပညာဗဟုသုတပေးရန်လိုကြောင်း၊ လူငယ်များပြုစုပျိုးထောင်ရေးကို ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် မကြာမီ နွေရာသီကျောင်းပိတ်ရက်ကာလများ ရောက်ရှိတော့မည်ဖြစ်ရာ ထိုကာလရှည်ကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများအားလပ်ချိန်ကို အကျိုးရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတပြန့်ပွားရေးအတွက် တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်ရေးကို ကြိုတင်ညှိနှိုင်းစီစဉ်ဆောင်ရွက်ကြရန်နှင့် ပွင့်လင်းရာသီကာလတွင် မီးဘေးအန္တရာယ်ဂရုပြုရန်တို့ကို မှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)