MNP - ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ ၈၅ ဖွဲ့ဖွဲ့ကာစာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။
ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်းကွင်းဆင်းစာရင်းကောက်ယူနေမှုအခြေအနေများကို ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း နှင့် အဖွဲ့ဝင်များ၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောထွန်းဖြူ၊တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
ပေါက်တောမြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက် ၅ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၅၃ အုပ်စုရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစောထွန်းဖြူ ကပြောကြားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment