MNP - ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ ပြိုင်ပွဲအမျိုးအစားများအလိုက် မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်လျက် ရှိသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ အဆိုပါပြိုင်ပွဲများသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ များက ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ အခြေခံပညာအလယ်တန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အခြေခံပညာ အလယ်တန်းဆင့်နှင့် အထက်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ စသည့် အားကစားနည်းများတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုရရှိကြ သည့် အသင်းများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ ထံမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment