ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျောက်တံတားနှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်းစာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျောက်တံတားနှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်းစာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး


MNP  -  ဇန်နဝါရီ ၁၄

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် (၉)ရပ်ကွက် ဗိုလ်အောင်ကျော်လမ်း၌ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ဝင်များ စာရင်းကောက်ယူနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။


ကြည့်ရှုအားပေး


ပြည်ထောင်စုဝန်ကြီးသည် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး(Working Group)အဖွဲ့ဝင်များက မြို့နယ်ရုံးများရှိ နိုင်-၄ နှင့် အထစပုံစံ (၆၆/၆)ပါအချက်အလက်များအား e-ID Software ဖြင့်ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပါ လူဦးရေစာရင်းအချက်အလက်များကို လက်ရှိမြေပြင်လူဦးရေစာရင်း အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိတစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးပြီး တိုက်ဆိုင်စစ်ဆေးသည့် လူဦးရေစာရင်းအချက်အလက်များ စနစ်တကျရေးသွင်းမှတ်တမ်းတင်ရန်၊ စာရင်းဇယားမှန်ကန်စေရန်နှင့် အများပြည်သူဖြေကြားမှု အဆင်ပြေစေရေးအတွက် အလေးဂရုပြုဆောင်ရွက်ရန်မှာကြားကာ အိမ်ရှင်မိသားစုများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


အလားတူ ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ် (၂၄)ရပ်ကွက် ကျောက်စိမ်းလမ်းအတွင်း၌ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်းလူဦးရေစာရင်းအချက်အလက်များ တိုက်ဆိုင်စစ်ဆေးမေးမြန်းရေးမှတ်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် စာရင်းကောက်ယူရေးအဖွဲ့များကို လူဦးရေစာရင်းအချက်အလက်များ မှန်ကန်ပြည့်စုံစေရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး အိမ်ရှင်မိသားစုများကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


ကောက်ယူပြီးစီးနိုင်ရေး


ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်ကိုးရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၁၁၇၁၈ စု၊ ကောက်ကွက်ပေါင်း ၃၁ ကွက်ကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင်ရပ်ကွက် ၃၈ ရပ်ကွက်၊ အိမ်ထောင်စုပေါင်း ၇၆၆၉၅ စု၊ ကောက်ကွက်ပေါင်း ၂၀၀ ကိုလည်းကောင်း တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များဖြင့် သတ်မှတ်ကာလအတွင်း လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းမှန်ကန်စေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)