Pages

Pages

ကျိန္တလီမြို၌အိမ်ထောင်စုလူဦးရေစာရင်းနှင့်မြေပြင်ရှိလူဦးရေစာရင်းများတိကျမှုရှိစေရေးလုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်




MNP -  ဇန်နဝါရီ ၁၀

        ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေ စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိကျ မှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ ကျိန္တလီမြို့၊  အထွေထွေအု့ပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်း၊ မြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍အဖွဲ့ခွဲကာ မြို့ပေါ် (၃)ရပ်ကွက်ရှိ အခြေခံလူဦးရေစာရင်းနှင့်မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း၊ အခြားမြို့နယ်မှ အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများနှင့် မည်သည့်အိမ်ထောင်စုစာရင်းမှမရှိသူ ရွေ့ပြောင်း၊ ပျံကျများအား အိမ်ထောင်စု(အလွတ်)ဖြင့် ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း  သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment