Pages

Pages

တပ်တောင်မြို့၌အိမ်ထောင်စုလူဦးရေစာရင်း မြေ ပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းအား တာ ဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု




MNP  -   ဇန်နဝါရီ ၁၀

      ရခိုင်ပြည်နယ်၊အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေ ပြင်ကွင်းဆင်း ကောက်ယူရေးဆောင်ရွက်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၉ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စာရင်း ကောက်ယူရေး အဖွဲ့များက မြို့​ေပါ်ရှိ ရပ်ကွက်များ၌‌ ကွင်းဆင်းဆောင် ရွက်ခဲ့ကြသည်။


 အဆိုပါ ကွင်းဆင်းစာရင်းကောက်ယူသည့်နေရာများသို့မြေပြင်ကွင်းဆင်းစာရင်း‌ကောက်ယူရေးကော်မတီ ဝင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့် တာဝန်ရှိသူများက စာရင်း ကောက်ယူရေး အ ဖွဲ့များက အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေးအတွက်မြို့ပေါ် ရပ် ကွက်များရှိ  တာဝန်ကျ စာရင်းကောက်ယူရေး အဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ရပ်ကွက် က​​နေ ပြည်သူများအား (WorkingGroup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းအား  ကွင်းဆင်းကြည့် ရှု ခဲ့ကြကြောင်း သိရသည်။


   တပ်တောင်မြို့တွင်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းအား သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ က ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီလ ၂၉ ရက်နေ့ထိ စာရင်းမှန်ရရှိရေး ကောက်ယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment