MNP - ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနော်ရထာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်၉နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်းက လမ်းတည်ဆောက်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လမ်းသူလမ်းသားများကိုယ်စား ရပ်မိရပ်ဖ ဦးညွန့်တင်က ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဝင်းခိုင်နှင့် တာဝန်ရှိသူများက အနော်ရထာ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
အဆိုပါလမ်းကို လက်ပံတန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ - ၂၀၂၃ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၆၀ ဒဿမ ၃၆၅ သန်းဖြင့် ကွန်ကရစ်လမ်းခင်းကျင်းခြင်းမှာ အရှည် ၁၀၅၉ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၈လက်မရှိပြီး လုပ်ငန်းအား Great Life International ကုမ္ပဏီမှ တာဝန်ယူခင်းကျင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment