MNP - ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အကြိုဓမ္မသဘင်ပွဲကို ယမန်နေ့ည (၈) နာရီအချိန်က အမှတ် (၁) ရပ်ကွက် သလွန်ချစေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဓမ္မသဘင်အခမ်းအနားတွင် မန္တလေးမြို့ မြောက်စလင်းတိုက်၊ စွန်းလွန်းဝိပဿနာရိပ်သာ၊ နယ်လှည့် ဓမ္မကထိက ဓမ္မာစရိယ အရှင်က္ကန္ဒကမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားဆုံးမတော်မူခဲ့ပြီး တရားနာ ပရိတ်သတ်ပေါင်း (၃၀၀) ခန့် လာရောက် တရားတော် နာယူ ခဲ့ကြကြောင်း သိရသည်။
ထိုဓမ္မသဘင် ဆင်ယင်ပွဲကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ညတွင် အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာတက္ကသိုလ်ကထိက ရန်ကင်းစတား ဓမ္မာစရိယ စာချဆရာတော် အရှင်ဉာဏိန္ဒ၊ ဇန်နဝါရီ ၁၄ ရက်နေ့ညတွင် သုခရိပ်ငြိမ်ကျောင်းတိုက်၊ သာသနာပြု ဓမ္မကထိက သာသနဓဇ ဓမ္မာစရိယ အရှင်ဥတ္တမ (သုခရိပ်ငြိမ်) ဆရာတော်တို့က တရားရေအေး အမြိုက်ဆေးများ တိုက်ကျွေးခဲ့ကြရာ ရပ်နီး၊ ရပ်ဝေးမှ တရားနာပရိတ်သတ်များ သောင်းသောင်းဖြဖြ တရားတော်များနာယူခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်
https://t.me/MyanmarNationalPost


No comments:
Post a Comment