MNP - ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ အနောက်မရမ်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီတွင် သွားရောက်ကာ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း နှင့်အတူ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ကျင်းပဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က လူကုန်ကူးမှု အန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပတ်သက်သည့်အကြာင်းများ၊ ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သောကြောင့် ဘက်စုံတော်သော လူတော်လူကောင်း များဖြစ်လာစေရန် အတန်းပညာများ ကိုကြိုးစား သင်ယူသကဲ့သို့ စာအုပ်စာပေကိုလည်း ဖတ်ရှုလေ့လာကြရမှာ ဖြစ်ကြောင်း၊ စာအုပ်စာပေမှ အသိပညာ ဗဟုသုတများ ရယူမှတ်သားပြီး ရည်မှန်းချက်ထား ကြိုးစားကြရမှာဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး စာကြည့်တိုက် လက်ထောက်-၃ နော်အေးအေးသက်က ကျွန်တော်မောင်ပျင်းမဟုတ်တော့ပါ ပုံပြင်ကို ပြောပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်စာပေများအား ကျောင်းသား/ကျောင်းသူ များကို ခင်းကျင်းပြသ၍ ဖတ်ရှုစေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment