ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ










MNP  -  ဇန်နဝါရီ     ၂၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၆)နစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရမ်းဗြဲမြို့၊ ရမ္မာဝတီ မြို့မအားကစားကွင်း၌ ကျင်းကကြသည်။ 


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ  ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများပြိုင်ပွဲဝင် ဘောလုံးအသင်းများ၏ နည်းပြ အုပ်ချုပ်သူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင်ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားသည်။ 


၎င်းနောက်ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစာသမားများအား တစ်သင်းချင်းနှုတ်ပြီး ရမ်းဗြဲမြို့၊အမှတ်(၂) အခြေခံပညအထက်တန်းကျောင်း(ပုလုပ်တောင်)မှ ကျောင်းသားကျောင်းသူများမှ ထာဝရမြန်မာသီချင်းဖြင့်လည်းကောင်း  RK Flower Dance အဖွဲ့မှလည်းအကအလှများဖြင့်လည်းကောင်းကပြဖျော်ဖြေပေးကြသည်။


အဆိုပါ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း (၁၄)သင်းပါဝင်ယှဉ်ပြိင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၂၈-၁-၂၀၂၃) ရက်နေ့မှ (၁၂-၂-၂၀၂၃) ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးပြုင်အတွင်း အားကစားသမားများကိုလည်း ပွဲစဉ်အလိုက်အကောင်းဆုံး အားကစားသမားဆုကို ချီးမြှင့်ပေးအပ်သွားမည်

ဖြစ်ကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)