ငါးမင်းဆွေလို အရူးနှင့် မယှဉ်ပြိုင်သင့် ဟု ဦးလှဆွေ ၏ ဇနီးပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးမင်းဆွေလို အရူးနှင့် မယှဉ်ပြိုင်သင့် ဟု ဦးလှဆွေ ၏ ဇနီးပြော



MNP ၊ ဇန်နဝါရီ ၃၀

ပြည်ခိုင်ဖြိုးပါတီ အား ငါးမင်းဆွေ က ပြစ်တင်ပြောဆိုမှုများ နှင့် ပတ်သက်၍ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ ထံ ဆက်သွယ်မေးမြန်းရာ ဦးလှဆွေ၏ ဇနီးက ငါးမင်းဆွေလို အရူးနှင့် မယှဉ်ပြိုင်သင့်ဟု ပြောဆိုလိုက်သည်။

ငါးမင်းဆွေ က နေ့စဉ် ရုပ်သံများ ထုတ်လွှင့်၍ နိုင်ငံရေးဝေဖန်ပြောဆိုမှုများ ပြုလုပ်ရာတွင် "ပြည်ခိုင်ဖြိုးရုံးကြီးလည်း အခုထိပိတ်ထားတာ။ ကျိုက်ထိုပြည်ခိုင်ဖြိုးရုံးလည်း သူ့ဟာသူ ရွေးကောက်ပွဲလုပ်မယ် ပြောသာ ပြောနေတယ်။ ကျိုက်ထိုပြည်ခိုင်ဖြိုးရုံး မဖွင့်တာ အင်မတန်ကြာပြီ။ ဘီးလင်းပြည်ခိုင်ဖြိုးရုံး မဖွင့်ဘူး။ သထုံပြည်ခိုင်ဖြိုးရုံးဆိုရင် ခြုံနွယ်ပိတ်ပေါင်းတောင် တက်နေပြီ။ အဲဒါလည်း ရွေးကောက်ပွဲလုပ်ကြအုံးမယ် ဘာမယ် နောက် ၆လ မှာ။ ဘယ်လို လုပ်မှာလဲ။ ရုံးတောင် မဖွင့်ရဲဘူး။ ဘယ်ပြည်ခိုင်ဖြိုးရုံးက ဖွင့်လို့လဲ။ မဖွင့်လို့ ပြည်ခိုင်ဖြိုးရုံးတွေမှာတောင် ခြုံနွယ်ပိတ်ပေါင်း တက်နေပြီ။ လာလည်း မလာကြဘူး။ ပြည်ခိုင်ဖြိုးရုံးတောင် ခြုံဖုံးတော့မယ်။" ဟု ထည့်သွင်းပြောဆိုသွားခဲ့သည်။

ထိုသို့ ပြောဆိုမှုနှင့် ပတ်သက်၍ ဦးလှဆွေအား ဆက်သွယ်မေးမြန်းရာ "ငါးမင်းဆွေ က နေ့တိုင်း သူတွေးမိတာ သူပြောနေတာပေါ့ကွာ။ အန်ကယ် ကလည်း ဇနီးဖြစ်သူကို ငါးမင်းဆွေ ပြောနေတာတွေ ပြလိုက်တယ်။ ဇနီးက နိုင်ငံရေးကို သိပ်ပြီး စိတ်ဝင်စားတဲ့သူတော့ မဟုတ်ပါဘူး။ ငါးမင်းဆွေ နဲ့ မဲဆန္ဒနယ်တစ်ခုခုမှာ စိန်ခေါ်ပြီး ပြိုင်ရင် ကောင်းမလားလို့ ဇနီးကို မေးကြည့်တာ။ ဇနီးက ဘာပြောလဲဆိုတော့ အရူးနဲ့ ပြိုင်ပြီး နိုင်တယ်လို့ အပြောခံနေရပါမယ်။ မပြိုင်သင့်ပါဘူးလို့ ပြောတယ်။ အထွေအထူးတော့ မှတ်ချက်ပေးစရာမရှိဘူး။" ဟု ပြောဆိုသည်။

ငါးမင်းဆွေက သူ၏ live ထုတ်လွှင့် ပြောဆိုမှုတွင် ရွေးကောက်ပွဲကို မလိုလားကြောင်း၊ NUG ကဲ့သို့ပင် သဘောထား တပ်တူရှိကြောင်း၊ NUG ကဲ့သို့ အကြမ်းဖက်မည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို မလိုလားကြောင်း ပြောဆိုနေမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ပြောဆိုခဲ့ခြင်းကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရသော ငါးမင်းဆွေ သည် နစကအစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး NUG အကြမ်းဖက်အဖွဲ့မှ အတိုင်ပင်ခံအဖြစ် တင်မြှောက်ထားသူ အကြမ်းဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံရေးသူတော်စင်အဖြစ် တင်စားပြောဆိုမှုများလည်း ရှိခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)