ကျိန္တလီမြို့ အ.မ.က (စံပြ)ကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ အ.မ.က (စံပြ)ကျောင်းတွင် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ












MNP   -   ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.မ.က(စံပြ)ကျောင်းတွင် ၂၀၂၂-၂၀၂၃ 

 ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


ရှေ့ဦးစွာ အ.မ.က(စံပြ)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “Myanmar Student”  အကဖြင့်အခမ်းအနားဖွင့်လှစ်၍  အ.ထ.က ဘိုကလေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထိန်ဝင်း၊ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့းဦးစီးမှူး ဦးဉာဏ်လင်းတို့က အဖွင့်အမှာစကား ပြောကြားခြင်း၊ အ.မ.က (စံပြ)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းနွယ်မှ စုံညီပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး လက်ဦးဆရာများဖြစ်ကြသည့် ကျောင်းသားမိဘများအနေ့ဖြင့် မိမိတို့၏ သား/မီးများသည် ကျောင်းသင်ခန်းစာများအပေါ် စာလိုက်နိုင်မှု ရှိ/မရှိ စီစစ်ပေးစေလိုကြောင်းနှင့် သင်ခန်းစာများကို များများလေ့ကျင့်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။


 ထို့နောက်   အ.မ.က(စံပြ)ကျောင်းမှ ကျောင်းသား မိဘတစ်ဦးမှ  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရရှိခဲ့သော ဘာသာရပ်အလိုက်ထူးချွန်ဆုနှင့် လက်ရေးလက်သားကောင်းမွန် ဆုများကို ကျောင်းသား/ကျောင်းသူများအား ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)