ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကျင်းပ



MNP  -  ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ အမှတ်စဉ်(၁/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ တိုးပွားအောင်ဆောင်ရွက်ရန်၊ ပဲတီစိမ်း၊ မတ်ပဲ အစရှိသော ပဲအမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး နွေစပါးအပြီးတွင် ပဲတီစိမ်းနှင့်မတ်ပဲကို ထပ်မံစိုက်ပျိုးနိုင်ပါက စိုက်ပျိုးရန်နှင့် လာမည့်နှစ်မိုးစပါးအပြီးတွင် တိုးချဲ့စိုက်ပျိုး၍ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သတင်းတု၊ သတင်းမှားများကို အချိန်နှင့်တပြေးညီပြန်လည်ချေဖျက်နိုင်ရေး သက်ဆိုင်ရာဌာနများမှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအနေဖြင့် မြို့အင်္ဂါရပ်များနှင့်အညီဖြစ်စေရေး၊ ကိုယ်ပိုင်ကျောင်းများတွင် သင်ရိုးညွှန်းတမ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးကြပ်မတ်နိုင်ရေး၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် နိုင်ငံတော်မှ ဆေးကုသခွင့်(ဆမ)ရုတ်သိမ်းထားသူများ ဆေးကုမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ဖို့လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုလျော့ချရေး၊ စားရေရိက္ခာဖူလုံပိုလျှံ၍ သာယာဝပြောစေရေး၊ တရားမဝင်ကုန်သွယ်မှုများလျော့နည်းကျဆင်းစေရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ချေးငွေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က စာအောင်သံဃာတော်များအား ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းနိုင်ရေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)