ပုဗ္ဗသီရိမြို့နယ်၌ အသက် (၅) နှစ် နှင့် (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၌ အသက် (၅) နှစ် နှင့် (၁၂) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေး


MNP  -  ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပညာသင်ကြားနေကြသော အခြေခံကျောင်းများမှ အသက်(၅)နှစ်နှင့်(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။


အဆိုပါ ကာကွယ်ဆေးလုပ်ငန်းတွင် မြို့နယ်ကျန်မာရေးဦးစီဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွေးမှ ကြီးကြပ်ပြီး၊ ကျန်မားရေးဆေးထိုးအဖွဲ့ဆရာ၊ ဆရာမများက ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား နာရီဝက်ခန့် စောင့်ကြည့် ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၊ အမှတ်(၂၁) အခြေခံပညာအထက်တန်းကျောင်းမှ အသက် (၅)နှစ်နှင့် (၁၂) နှစ်အတွင်းရှိ ကျောင်းသား/သူ စုစုပေါင်း(၆၁၅)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။


ကိုရှိုင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)