Pages

Pages

ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ ဆောင်းသီးနှံစုံ ၃၁၈၇၇၅ ဧက စိုက်ပျိုးပြီးစီး




MNP  -  ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံများဖြစ်သည့် ပဲမျိုးစုံ သီးနှံများ၊ ဆီထွက်သီးနှံများ၊ စားဖိုဆောင်သီးနှံများနှင့်အခြားသီးနှံများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ဆောင်းသီးနှံစုံ ၃၁၈၇၇၅ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။


ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံများဖြစ်သည့် ပဲမျိုးစုံသီးနှံဖြစ်သော ပဲတီစိမ်း ၂၂၂၁၄ ဧက၊ မတ်ပဲ ၃၈၇၅၄၄ ဧက၊ ပဲကြီး ၁၇၁ ဧက၊ ပဲလွမ်း ၂၃၉၅ ဧက၊ ကုလားပဲ ၆၈၅၉ ဧက၊ စားတော်ပဲ ၈၅၇၉ ဧက၊ စွန်တာပြာ ၇၂၁၉ ဧက၊ စွန်တာနီ ၁၃၉၃ ဧက၊ ထောပတ်ပဲ ၃၇၉၇ ဧကနှင့်အခြားပဲ ၂၅၃၉ ဧက၊ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ ၉၅၂၉၈ ဧက၊ နှမ်း(ဆောင်း) ၉၆၇၇၈ ဧက၊ နေကြာ ၂၉၃၅ ဧက၊ ပန်းနှမ်း ၅၄၂၁ ဧက၊ မုန်ညှင်း ၅၃၂ ဧက၊ အခြားသီးနှံများအနေဖြင့် ကြံပေါင်း ၁၁၇ ဧက၊ ကြက်သွန်နီ ၁၇၇ ဧက၊ အစေ့ထုတ်ပြောင်း ၃၅၂၉ ဧက၊ ဖူးစားပြောင်း ၁၅၅၈ ဧက၊ ကျွဲ/နွားစာ ၉၈၃၆ ဧက၊ ဟင်းသီးဟင်းရွက်သီးနှံ ၇၄၂၆ ဧကနှင့်နှစ်ရှည်သီးနှံ ၁၄၅၈ ဧက စုစုပေါင်း ဆောင်းသီးနှံစုံဧက ၃၁၈၇၇၅ စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းမှတ်တမ်းများအရ သိရသည်။


ထိုသို့ စိုက်ပျိုးရာတွင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မျိုးကောင်းမျိုး သန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ အချိန်ကိုက် မြေဩဇာသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေး နည်းလမ်းကောင်း(GAP) များဖြင့် စိုက်ပျိုးနိုင်ရေးနှင့်စီးပွားဖြစ် စိုက်ပျိုးနိုင်ရေး စသည့် နည်းပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ဆောင်းသီးနှံစုံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် ၉၀ ဒသမ ၅၀ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။


အောင်ဝင်းငြိမ်း

https://t.me/MyanmarNationalPost

No comments:

Post a Comment