Pages

Pages

ဘိုကလေးမြို့နယ်တွင် ဓာတုကင်းလွတ်သည့် ဩဂဲနစ် ဟင်းသီးဟင်းရွက်များ ရောင်းချ


MNP  -  ဇန်နဝါရီ ၁၃

တောင်သူများအား စိုက်ပျိုးရေးနည်းလမ်းကောင်းများ မျှဝေကူညီပေးလျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ဂရတ် (GRET) ရုံးရှေ့တွင် ယနေ့ နံနက်(၁၀)နာရီမှ စတင်၍ သဘာဝနည်းဖြင့် စိုက်ပျိုးထားသော ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသင့်တင့်စွာဖြင့် ရောင်းချပေးလျက်ရှိသည်။


အဆိုပါ ဟင်းသီးဟင်းရွက်များအား ဂရတ် (GRET) ရုံးနှင့် မိတ်ဖက်ဖြစ်သော စိုက်ပျိုးတောင်သူများ ကိုယ်တိုင်ရောင်းချပေးခြင်းဖြစ်ရာ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်းတွင် ရောင်းချပေးမည်ဖြစ်ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ အာဟာရတန်ဖိုး မြင့်မားစွာ စားသုံးနိုင်ရေး၊ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင် ဖော်ဆောင်ရာတွင် အထောက်အပံ့ဖြစ်စေရေးတို့ကို ရည်ရွယ်၍ စိုက်ပျိုး ရောင်းချပေးရခြင်း ဖြစ်ကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost 

No comments:

Post a Comment