နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လယ်ဝေးမြို့နယ် အေလာကျေးရွာမှ အသေးစားစက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လယ်ဝေးမြို့နယ် အေလာကျေးရွာမှ အသေးစားစက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး




MNP  -    ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု စိုက်ပျိုးရေးအသိပညာပေးရေးစင်တာတွင် ယနေ့နံနက် (၉)နာရီက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် အေလာကျေးရွာအုပ်စုမှ အသေးစားစက်မှုလုပ်ငန်းရှင်များနှင့် အသေးစား အိမ်တွင်းလက်မှု ပညာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နီဦးခဲ၊ တိုင်းအသေးစားစက်မှုလက်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နေပြည်တော်ဒေသအတွင်းထွက်ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village ၊ One Product) အသွင်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အခြေခံကျသည့် လုပ်ငန်းများဖြစ်ပြီး အငယ်စား အလတ်စား SME လုပ်ငန်းများထက် အရည်အတွက် ပိုများသည်ကိုတွေ့ရှိရပါကြောင်း ကျေးလက်ဒေသပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်လျှက်ရှိပြီး နေပြည်တော်ကောင်စီအနေဖြင့် ပြည်ထောင်စုနယ်မြေအတွင်း စံပြကျေးရွာ(၃)ရွာကို ခေတ်မီစံပြကျေးရွာများအဖြစ် ထူထောင်နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး စီးပွားရေးလုပ်ငန်းများကို ခိုင်မာအောင်ဆောင်ရွက်မှသာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယခုကဲ့သို့ အခြေခံကုန်ထုတ်လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံ၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်အောင် အသေးစားစက်မှုလက်မှုဦးစီးဌာန (SSID)က ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ယခုလယ်ဝေးမြို့နယ် အေလာဒေသတွင်ရှိသည့် လုပ်ငန်းရှင်များက နွားသားရည်ပွကြော် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ရန် တင်ပြထားပါကြောင်း၊ သင်တန်းတက်ရောက်ပြီးပါက မိမိတို့ဒေသ၏ ထုတ်ကုန်တစ်ခုအဖြစ်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍ တိုင်းအသေးစားစက်မှုလက်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြကာ အဖွဲ့ဝင် ဦးဝင်းအောင်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်လုပ်နိုင်မည့် ကုန်ပစ္စည်းများအကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ကျေးရွာများမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာရှိ ဖူးစားပြောင်း၊ ငရုတ်၊ မြေပဲ၊ ပန်းမုန်လာနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများအား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများ၏ အခက်အခဲနှင့်လိုအပ်ချက်များ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝေကြည်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)