နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီများက အသက်နှင့်အထွေထွေအာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီများက အသက်နှင့်အထွေထွေအာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ


MNP   -   ဇန်နဝါရီ ၁၅

အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိခဲ့ကြသည့် ပြည်တွင်းအသက် အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခု လိုင်စင်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် အာမခံလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လုပ်ငန်းအဆိုပြုလွှာ စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုခဲ့ခြင်း နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရရှိကြသည့် A Life Insurance Co., Ltd. နှင့် A Insurance Co., Ltd. တို့ကို အသက်အာမခံနှင့် အထွေထွေအာမခံကုမ္ပဏီလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ ပေးအပ်သည်။ ထို့နောက် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိကြသည့် အာမခံကုမ္ပဏီ နှစ်ခုမှတာဝန်ရှိသူများက ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းနှစ်မျိုးလုံး ဆောင်ရွက်နိုင်သော ကုမ္ပဏီကိုးခုနှင့် အသက်အာမခံကုမ္ပဏီ သုံးခုတို့ကို အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ခွင့်ပြုခဲ့ရာတွင် စံသတ်မှတ်ချက်နှင့်ကိုက်ညီပြီး မတည်ငွေပြည့်မီစွာထည့်ဝင်နိုင်သည့် အသက်အာမခံနှင့် အထွေထွေအာမခံ လုပ်ငန်းနှစ်မျိုးလုံး ဆောင်ရွက်နိုင်သော ကုမ္ပဏီရှစ်ခုနှင့် အသက်အာမခံကုမ္ပဏီ သုံးခုတို့ကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့သည်။


လိုင်စင်ခွင့်ပြုခြင်းမရှိခဲ့သည့် အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်း ဆောင်ရွက်သော ကုမ္ပဏီနေရာတွင် အစားထိုးလိုင်စင် ခွင့်ပြုပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်ဧပြီလတွင် စိတ်ဝင်စားမှုအဆိုပြုလွှာခေါ်ယူခဲ့ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ အဆင့်ဆင့်စိစစ်ကာ ပြည်တွင်းအသက် အာမခံကုမ္ပဏီတစ်ခုနှင့် အထွေထွေအာမခံကုမ္ပဏီတစ်ခုတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အာမခံကုမ္ပဏီများမှ အသက်အာမခံနှင့် အထွေထွေအာမခံအပါအဝင် အာမခံအမျိုးအစား ၃၉ မျိုး ဝန်ဆောင်မှုပေးလျက်ရှိသည်။


ယခုအခါ မြန်မာနိုင်ငံ၏အာမခံလုပ်ငန်းကဏ္ဍတွင် ပြည်တွင်း/ပြည်ပအာမခံကုမ္ပဏီ ၂၆ ခုတို့ကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များ ပေးအပ်ခဲ့ပြီးဖြစ်ရာ နိုင်ငံပိုင်မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီများက အများပြည်သူများအတွက် အသက်နှင့်အထွေထွေအာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)