MNP - ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုသည်။ ထို့နောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်းနှင့် ကွင်းဖွင့်ပွဲအဖြစ် ဌာနဆိုင်ရာ အကြီးအကဲများ အသင်းနှင့် Southern of Rakhine အသင်းတို့ ချစ်ကြည်ရေး ကစားခဲ့ကြကြောင်းသိရသည်။
ဌာနဆိုင်ရာချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲတွင် ပညာရေးအသင်း၊ ထွေ/အုပ်အသင်း၊ စည်ပင်အသင်း၊ ရဲတပ်ဖွဲ့အသင်း၊ IDOLSအသင်းနှင့် စိုက်ပျိုးရေးအသင်းစသည့် အသင်း(၆)သင်းက ပါဝင်ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဇန်နဝါရီလ(၇)ရက်နေ့တွင် IDOLSအသင်းနှင့် စိုက်ပျိုးရေးအသင်းတို့ စတင်ယှဥ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment