ပျဉ်းမနားမြို့နယ် ဘောဂဝတီရပ်ကွက်၌ ရာဇထွဋ်ခေါင် သိမ်တော်ဦးဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကျောင်းဆောင်သစ် ရေစက်ချပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျဉ်းမနားမြို့နယ် ဘောဂဝတီရပ်ကွက်၌ ရာဇထွဋ်ခေါင် သိမ်တော်ဦးဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကျောင်းဆောင်သစ် ရေစက်ချပွဲကျင်းပ


MNP  -  ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ အောင်ရတနာကျောင်းတိုက်၌ ရာဇထွဋ်ခေါင် သိမ်တော်ဦးဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ကျောင်းဆောင်သစ် ရေစက်ချပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


ရှေးဦးစွာ အောင်စည်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များက ရာဇထွဋ်ခေါင် သိမ်တော်ဦးဘုရားအား အနေကဇာတင်ခဲ့ကြသည်။ ယင်းနောက်  ဆရာတော်၊ သံဃာတော် အပါး(၆၀)တို့အား ရပ်ကွက်အတွင်းရှိ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော်ကြသည်။


ထို့နောက် အောင်စည်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အောင်ရတနာကျောင်းတိုက်ရှိ အောင်ရတနာ (ရတနာပုံ) နှစ်ထပ်ကျောင်းဆောင်သစ်အား စုပေါင်း လှူဒါန်းထားသည့် အလှူရှင်များက ရေစက်သွန်းချ၍ အမျှပေးဝေခဲ့ကြသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)