Pages

Pages

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

 


MNP  -  ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင် ဇာတ်လမ်း မောင်ခေတ်ထွန်းရေးသားထားသည့် “မောင်မောင်၏ လက်ဆေးကဗျာ" စာအုပ်ဖြင့် ယနေ့ နံနက် (၁၀) နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စာမဆီးက ယခုအခါ လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုမှု အားနည်းလာသောကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုမှု အလေ့အထ ကောင်းများ ရရှိစေလာရန်၊ စာကြည့်တိုက်များကို ကောင်းမွန်စွာအသုံးချလာကြစေရန်၊ အားလပ်ချိန်များကို အလဟသ မဖြစ်စေရန် ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာပေချစ်မြတ်နိုးသူ မောင်လကွမ်လွန်း‌ဒေါင်က စာအုပ်ပါ “မောင်မောင်၏လက်ဆေးကဗျာ" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ ပြီး စာဖတ်ဝိုင်းတွင် ပါဝင်သူများက မိမိတို့ဖတ်ကြားလိုရာ စာအုပ်ပါ ခေါင်းစဉ်များဖြင့် အလှည့် ကျ ဖတ်ကြားဆွေးနွေးခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်းကူးမူဆိုင်ရာ အသိပညာ‌ပေးနံရံကပ် စာစောင်နှင့် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ပုံ နည်းအဆင့်ဆင့်အသိ ပညာပေး နံရံကပ်စာစောင်ကို တက်ရောက်လာကြ သော စာပေချစ်မြတ်နိုးသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


ဖြူစင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment