Pages

Pages

နတ်တလင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ



MNP  -   ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးနေမျိုးအောင်နှင့် တပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဝတ်စုံများအကြောင်း သိကောင်းစရာများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ ဂက်စ်မီးလောင်မှုအားငြှိမ်းသတ်နည်းများဖြင့် သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများမှ လက်တွေ့ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။


ဝေယံဖြိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment