Pages

Pages

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး ဆွေးပွဲကျင်းပ


MNP   -   ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဌာနအတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့်  အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုပြည့်စုံကြွယ်ဝ လာစေနိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ကလေးမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦး‌ကျော်ဟိန်း (ဓာတ်ပုံကျွမ်းကျင်-၂)က ဂါဒီယန်းဦးစိန်းဝင်းရေးသားသည့် သတင်းစာရေးသားနည်းစာအုပ်မှ သတင်းရယူရာတွင် ကြိုတင်ပြင်ဆင်ရမည့်အချက် များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။


ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာန ဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စာပေချစ်မြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်း၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများ ကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment