မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှဆောင်ရွက်သည့်လမ်းနှင့်တံတားများ အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှဆောင်ရွက်သည့်လမ်းနှင့်တံတားများ အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု


MNP  -       ဇန်နဝါရီလ    ၂၈

 မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  မြို့သစ်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်လမ်းနှင့် လမ်းတံတားလုပ် ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့နယ်ကျေး လက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ၂၀၂ ၂-၂၀၂၃ဘဏ္ဍာနှစ် အတွင်းတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ  ၄၂၁ ဒသမ ၁ ကျပ် သန်းနှင့်ပြည်ထောင် စုငွေလုံးငွေ ရင်းရန်ပုံငွေ ၂၇၂ဒသမ၂၉၆ကျပ်သန်းဖြင့် ဆောင်ရွက်လျက် ရှိသော ကျေးလက်လမ်း/ တံတားလုပ်ငန်းများ၊၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်လျာ ထားသည့် ကျေးလက်လမ်း/တံတားလုပ်ငန်းများ နှင့်လမ်းနယ်ရရှိမှု အခြေအနေတို့ အားကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ အင်ဂျင်နီယာ ချုပ် ဦးထွန်းဝေ၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးကာ လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ကြောင်း မြို့သစ်မြို့နယ်ကျေး လက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးထံက သိရှိရသည်။


သန်းဝင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)