ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမှတ်(၁၁)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမှတ်(၁၁)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေး


MNP   -   ဇန်နဝါရီ ၂၈ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် အခြေခံပညာကျောင်းများ တွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးသည့်အပြင် ပြင်ဆင်ရမည့် ကျောင်းဆောင် များအား ပြင်ဆင်ပေးခြင်း ၊ကျောင်းဥပဓိရုပ ကောင်းမွန်ရေး ကျောင်းဝန်အုတ်တံတိုင်း များကာရံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှတ်(၁၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းဆောင်အသစ် (၁)ဆောင်ဆောက်လုပ် ပေးခဲ့ရာ လုပ်ငန်းများရာခိုင်နှုန်းပြည့်ပြီးစီပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရှိရသည်။ 


အဆိုပါကျောင်းဆောင်သစ်အား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၁၂၇.၈၈၀)ကျပ်သန်းဖြင့် ဒိုင်းမွန်း ဆောက်လုပ်ရေး ကုမ္ပဏီမှတာဝန်ယူကာ အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ၊ Steel Structure (၁)ထပ် ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်းနှင့် ကျောင်းဆောင်အသစ်ဆောက်လုပ် ပြီးစီးပြီဖြစ်သောကြောင့် ကျောင်းသား/ကျောင်းသူများ စာသင်ကြားရာတွင် ပို၍ထိရောက်အောင်မြင် တော့မည်ဖြစ်ကြေင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ပြောပြသည်။ အမှတ်(၁၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ KGတန်းတွင် ကျောင်းသား/ကျောင်းသူ (၆၅)ဦး၊ Grade-1တန်းတွင် ကျောင်းသား/ကျောင်းသူ(၆၅)ဦး၊ Grade-2 တန်းတွင် ကျောင်းသား /ကျောင်းသူ(၆၀)ဦး၊ Grade-3 တန်းတွင် ကျောင်းသား/ကျောင်းသူ(၅၁)ဦး၊ Grade-4 တန်းတွင် ကျောင်းသား/ကျောင်းသူ(၄၃)ဦး၊ Grade-5 တန်းတွင် ကျောင်းသား/ကျောင်းသူ(၃၄)ဦး၊ Grade-6 တန်းတွင် ကျောင်းသား/ကျောင်းသူ(၃)ဦး၊ Grade-7 တန်းတွင် ကျောင်းသား/ကျောင်းသူ(၂၇)ဦး၊ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


 သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)