မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးနှင့်အဖွဲ့ ကြံခင်းမြို့နယ်အတွင်း စက်မှုကျောင်းဆောက်လုပ်ရန်နေရာနှင့် နေကြာစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးနှင့်အဖွဲ့ ကြံခင်းမြို့နယ်အတွင်း စက်မှုကျောင်းဆောက်လုပ်ရန်နေရာနှင့် နေကြာစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု




MNP  -   ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များက ကြံခင်းမြို့တွင် စက်မှုကျောင်းဆောက်လုပ်ရန်နေရာနှင့် နေကြာစိုက်ခင်းများ စိုက်ပျိုးထားမှုကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြန်အောင်ခရိုင် ပညာရေးမှူးဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အတူ ကြံခင်းမြို့နယ်ချင်းမြောင် အထက်တန်းကျောင်းအနီးတွင် စက်မှုနှင့် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (GTHS) ဆောက်လုပ်ရန်နေရာ၊ သတ်မှတ်အကျယ်အဝန်းအား ကြည့်ရှုစစ်ဆေးပြီး နောက်လိုအပ်ချက်များအား ပေါင်းစပ်ပေးခဲ့သည်။


ထို့နောက် ကြံခင်းမြို့နယ် ချင်းမြောင်ကျေးရွာအုပ်စုအတွင်းရှိ ကြိုးကြာတန်းကျေးရွာတွင် နေကြာစိုက်ပျိုးမှုအားလည်းကောင်း၊ ကြို့ကုန်းကျေးရွာတွင် နေကြာစိုက်ပျိုးထားရှိမှုနှင့် မြို့မကျွန်းတွင် နေကြာစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)