ကျိုက်ထိုမြို့နယ်‌မြေဩဇာကြီးကြပ်ရေး ကော်မတီမှ နွေစပါးစိုက်တောင်သူများအားပုလဲမြေဩဇာဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်‌မြေဩဇာကြီးကြပ်ရေး ကော်မတီမှ နွေစပါးစိုက်တောင်သူများအားပုလဲမြေဩဇာဖြန့်ဝေပေး




MNP  -  ဇန်နဝါရီ ၁၀

       ကျိုက်ထိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့် တောင်သူများစိုက်ပျိုးရာတွင်လိုအပ်လျှက်ရှိသည့် (ပုလဲ)မြေဩဇာများကိုမြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီမှ စတုတ္ထအကြိမ်အဖြစ် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျေးရွာအလိုက်ဖြန့်ဝေပေးခဲ့သည်။


       ထိုသို့ဖြန့်ဝေရာတွင်နွေစပါးစိုက်ကျေးရွာ(၁၀)ရွာအတွက် စုစုပေါင်း (ပုလဲ) မြေဩဇာ(၂၅၈)အိတ် အား မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတ ဝင်များဖြစ်သောစိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းဗိုလ် ၊ ,လယ်‌ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်‌ဇော်အောင်နှင့်အဖွဲ့ဝင်များကစနစ်တကျခွဲဝေပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)