MNP - ဇန်နဝါရီ ၁၀
ကျိုက်ထိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးလုပ်ကိုင်လျှက်ရှိသည့် တောင်သူများစိုက်ပျိုးရာတွင်လိုအပ်လျှက်ရှိသည့် (ပုလဲ)မြေဩဇာများကိုမြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီမှ စတုတ္ထအကြိမ်အဖြစ် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျေးရွာအလိုက်ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင်နွေစပါးစိုက်ကျေးရွာ(၁၀)ရွာအတွက် စုစုပေါင်း (ပုလဲ) မြေဩဇာ(၂၅၈)အိတ် အား မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတ ဝင်များဖြစ်သောစိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းဗိုလ် ၊ ,လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်အောင်နှင့်အဖွဲ့ဝင်များကစနစ်တကျခွဲဝေပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment