Pages

Pages

ရသေ့တောင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ




MNP  -   ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်ကျောင်းသားလူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့ နေ့လယ် ၁နာရီအချိန်က ရသေ့တောင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန

(Community Centre) ခန်းမ၌ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး 

ဒေါ်တင်ဇာဦးက ကျောင်းသား၊  လူအများရှေ့တွင်ပြောဆိုတတ်သည့် ရဲဝံ့သည့်စိတ်ရှိကြရန် ကျောင်းစာအပြင်ဗဟုသုတရရှိစေမည့်စာများအားဖတ်ကြရန်၊ ကလေးများအ ကြိုက် ပုံပြင်များပြောပြကြရာ အထက ၂ ကျောင်းသူ မခင်

ပြုံးသွယ်ကယုန်နှင့်လိပ်ပုံပြင်ဖြင့်လည်း‌

ကောင်း မောင်မျိုးထက်ကျော်က မောင်မိုးနှင့်ဝါးပင်းပုံပြင်အားလည်း‌ ကောင်း၊မထက်ထက်ကျော်ကဝက်ကလေးသုံးကောင်ပုံပြင်ဖြင့်လည်းကောင်ပြိုင်ပွဲဝင်‌ပြောကြားခဲ့ရာပုံပြောအ

ကောင်းဆုံးဆုရသူနှစ်ဦးအားတာဝန်ရှိသူများမှဆုချီးမြှင့်ခဲ့ပါသည်။


  ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment