Pages

Pages

ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စားသုံးရန်မသင့်သောအစား အသောက်(၈)မျိုးအား စျေးကွက်လက် ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး


MNP  -  ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦး တို့လိုက်ပါ၍ယမန်နေ့နံနက်(၁၀)နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စားသုံးရန် မသင့်သော အစားအသောက် အမှတ်တံဆိပ်(၈)မျိုးအား စျေးများအတွင်း၊ အပြင် စျေးကွက် လက်ကျန် မရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့သည်။


ဆင်ပေါင်ဝဲမြို့ပေါ်ရှိ စျေးအတွင်းအပြင် ကုန်စုံဆိုင်များအားကွင်း ဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ် ဆေးရေးအဖွဲ့ကဆိုင်ရှင်များအနေဖြင့်  တားမြစ်ဓာတုပစ္စည်းပါဝင်နေသော စားသုံးရန်မသင့်သည့် အစားအသောက် အမှတ်တံဆိပ်ပစ္စည်း(၈)မျိုးမှာ နာနတ်ဖျော်ရည်၊ လိမ္မော်ဖျော်ရည်၊ စတော်ဘယ်ရီ ဖျော်ရည်၊ စပျစ်ဖျော်ရည်၊ လိုင်ချီးဖျော်ရည်၊ သံပုရာဖျော်ရည်၊ ငရုဆီနှင့် ကော်ဖီမစ်များအား သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသည့် အတွက်နောက် နောင်စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာ ပေးဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။


ခန့်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment