MNP ၊ ဇန်နဝါရီလ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်တွင် နေထိုင်သော ရဲမင်းဇော်သည် စားဝတ်နေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မနေ့က နံနက် ၁၂ နာရီခန့်တွင် PDF အကြမ်းဖက်သမားများသည် လက်လုပ်သေနတ်များကိုင်ဆောင်၍ ရောက်ရှိလာပြီး ၎င်းအား အကြောင်းမဲ့ ရက်ရက်စက်စက် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများက သေဆုံးသူ ရဲမင်းဇော်အား ဒလန်ဟုစွပ်စွဲကာ အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာများအနေဖြင့် ဒလန်စွပ်စွဲ၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခံကြသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment