မင်းဘူး(စကု)မြို့နယ်တွင် ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းစနစ်ဖြင့် နွေစပး ၁၀၅ ဧက စိုက်ပျိုးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းစနစ်ဖြင့် နွေစပး ၁၀၅ ဧက စိုက်ပျိုးသွားမည်




MNP   -    ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆိုလာလျှပ်စစ်ရေတင်စီမံကိန်းစနစ်ဖြင့် နွေစပါး(၁၀၅)ဧက စိုက်ပျိုးသွားမှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။


ဆိုလာလျှပ်စစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးခြင်းကို ကန်းနီလျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် ဧက ၁၀၀ နှင့် မြေအောက်ရေစုတ်တင်စိုက်ပျိုးခြင်းဖြင် ၅ ဧကစိုက်ပျိုးမှာဖြစ်ပြီး မနောသုခ၊ ဧရာမင်း၊ ဆင်းသုခ၊ ကောက်ညှင်း၊ ပေါ်ဆန်းရင်၊ ရက် ၁၀၀ နှင့် ချမ်းမြေ့မေစပါးမျိုးများ စိုက်ပျိုးသွားကြမှာဖြစ်ကြောင်း သိရသည်။


ထိုသို့ စိုက်ပျိုးရာတွင် မင်းဘူး(စကု)မြို့နယ်၌ ယခင်ကမိုးရေတစ်မျိုးတည်းကိုသာ အဓိကထားစိုက်ပျိုးနေရသဖြင့် တောင်သူများအဖို့ မိုးတွင်းရောက်မှသာ သီးနှံများစိုက်ပျိုးကြသည်။ ယခုအခါ မိုးရေ၊ ဆည်ရေများအပြင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ရေတင်စီမံကိန်းစနစ်ဖြင့် မြစ်ရေ၊ ချောင်းရေနှင့် မြေအောက်ရေများပါစုတ်တင်၍ စိုက်ပျိုးနိုင်ပြီး၊ စပါးအပြင် နေကြာ၊ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံစိုက်ပျိုး၍ သီးထပ်၊ သီးညှပ်များဖြင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ကာ တောင်သူများ၏ လူမှုဘဝစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)