MNP - ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ဆောင်းသီးနှံနေကြာစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအား ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ပုသိမ်ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက မဒေါ့ကုန်းကျေးရွာအုပ်စု၊ မဒေါ့ကုန်း ကျေးရွာရှိ တောင်သူဦးကျော်ခိုင်ကြီး၏ နေကြာစိုက်ခင်း (၆) ဧက၊ ငကွကျေးရွာအုပ်စု၊ ကြာနီကန်ကျေးရွာရှိ တောင်သူဦးကံမြပိုင် နေကြာစိုက်ခင်း (၁၀) ဧကနှင့် အလယ်ရွာအုပ်စု၊ လိပ်အင်းကုန်းကျေးရွာရှိ တောင်သူ ဦးစောရွှေခိုင်ပါ (၅) ဦးပါ နေကြာစိုက်ခင်း (၅) ဧကတို့တွင် နေကြာစိုက်ခင်းများ မြေဩဇာကျွေးခြင်း၊ အပင်ရေလောင်းခြင်း၊ စိုက်ပျိုးဘောင်မြေသား တင်ခြင်းဆောင်ရွက်နေမှုနှင့် အပင်များဖွံဖြိုးတိုးတက်မှု ရှိ/မရှိ တို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment