Pages

Pages

သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဝင်များက ရိုးပြတ်ကျန်ဧကများ၌ ပဲတီစိမ်းစိုက်ပျိုးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး





MNP  -  ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြှင့်ကော်မတီဝင်တို့က ယနေ့နံနက် ၉ နာရီအချိန် ရှင်ကြီးပျောက်ကျေးရွာ အုပ်စုတွင် ရိုးပြတ်ကျန်ဧကများ၌ ပဲတီစိမ်းစိုက်ပျိုးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂)စိုက်တိုးမြှင့်ကော်မတီဝင် ဦးကျော်တိုးနှင့်အဖွဲ့ဝင်တို့ကရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ ရှင်ကြီးပျောက်ကျေးရွာ၊တောင်သူ ဦးအောင်မိုး၊ဦးပိုင်(၅၇၁ A)၊ အကွက်အမှတ်(၂၂/၂)၊(၃)ဧကရှိ ရိုးပြတ်ကျန်မြေဧကများ၌ ပဲတီစိမ်းစိုက်ပျိုး ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment